Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editor: Podcast
- Duración: 0:03:00
- Mas informaciones
Informações:
Sinopsis
It’s fine to celebrate but it is more important to heed the lessons of failure. အောင်မြင်မှုနဲ့ ရှုံးနိမ့်မှု လောကမှာ အောင်မြင်မှုဆိုတာ လူတိုင်းလူတိုင်းသာယာယစ်မူးပြီး ခုန်မင်တပ်မက်ကြပါတယ်။ အောင်မြင်မှုတွေရအောင်လည်း ကြိုးစားကြမှာပါ။ မအောင်မြင်ခင်စပ်ကြားမှာလည်း ခက်ခဲတဲ့အခြေအနေအတားအဆီးတွေ စိန်ခေါ်မှု တွေ၊ ရှုံးနိမ့်ခြင်းတွေ ကိုလည်း ဖြတ်ကျော်နိုင်တဲ့အထိ ကြိုးပမ်းရမှာပါ။ အောင်မြင်အောင် ကျားကုတ်ကျားခဲကြိုးစား ထားခဲ့သမျှ က အောင်မြင်သွားတဲ့အခါမှာ ငါဟဲ့ဆိုတဲ့ စိတ်နဲ့ဖြတ်ကျော်ခဲ့ရတဲ့ အခက်အခဲတွေကိုမေ့မေ့ပျောက်ပျောက် ထားတတ်ကြပါတယ်။ တစ်ချို့ကတော့ အောင်မြင်မှုအရှိန်မှာ ပျော်ဝင်စီးဆင်းပြီး ကိုယ်ဘယ်လိုကျော်ဖြတ်ခဲ့ရသလဲဆိုတာတွေကို သတိမမူမိတတ် ကြပါ ဘူး။ ကိုယ်ပေးဆပ်လိုက်ရတဲ့ စဉ်းစားဉာဏ်တွေ၊ စိုက်ထုတ်ကြိုးစားခဲ့ရတဲ့ ကာယာအားတွေ၊ ကုန်လွန်သွားတဲ့ အချိန် တွေကို သတိမရဘဲ အပျော်ကြီးပျော်တဲ့စိတ်က ဖုံးလွှမ်းသွားတတ်ပါတယ်။ ငါအောင်မြင်နေပြီလို့ တွေးမိတဲ့နေ့ဟာ ကျဆုံးမှုတွေရဲ့ အစပါပဲ။ ဘာလို့လည်းဆိုတော့ ကိုယ့်ကိုကိုယ်အောင်မြင်ပြီလို့ သတ်မှတ်လိုက်တဲ့နေ့က ကျဆုံးခြင်းရဲ့ လမ်းစကို ကိုယ်စလျှောက်တဲ့နေ့ပါပဲ။ တကယ်တော့ အောင်မြင်မှုဆိုတာ အဆုံ